မောင်တောမြို့နယ် မြောက်ပိုင်းတွင် လက်နက်ကြီးထိမှန်၍ လူငယ်နှစ်ဦး ဒဏ်ရာရရှိ

Photo credits to Original uploader

                

ဇန်နဝါရီ ၊ ၁၆ ရက်

ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင် ရန်အောင်ပြင်ကျေးရွာတွင် ၂၀၁၉ ၊ ဇန်နဝါရီလ ၁၆ ရက် နေ့လည် ၁:၃၀ ခွဲတွင် တိုက်ပွဲဖြစ်ပွားရာတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးထိမှန်၍ အိမ် ၁ လုံးမီးလောင်သွားပြီးရခိုင်မျိုးနွယ်စုဝင် ဒိုင်နက် လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ထိုဒဏ်ရာရရှိခဲ့သည့် ဒိုင်းနက်လူငယ်နှစ်ဦးမှာ မောင်ကျော်လှ အသက် (၁၈ ) နှစ် နှင့် မောင်ကျော်နိုင် (၁၂) နှစ်ဖြစ်ပြီး သူတို့နှစ်ဦးမှာ ဦးထွေးမောင် ဇနီး ဒေါ်နေသာမေ တို့၏ သားများဖြစ်သည်။ လက်နက်ကြီးထိမှန်သော အိမ်မှာလည်း မီးလောင်ပြာကျသွားပါသည်။ ဒဏ်ရာရှိသော ထိုဒိုင်းနက် လူငယ်နှစ်ဦးကိုလည်း မောင်တောမြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး
ရခိုင်ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)